ကြို့ပင်ကောက်မြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

ကြို့ပင်ကောက် မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ မြို့မစည်ပင်သာယာဈေး အမှတ် (၁) နှင့် (၂) တွင် ရောင်းချနေကြသော အခြေခံစားသောက်ကုန်ဆိုင်များ သတ်မှတ်ဈေးနှုန်းများနှင့် ရောင်းချရေး၊ ကုန်ဈေးနှုန်းများတည်ငြိမ်ရေးအတွက် ယနေ့နံနက် (၉) နာရီခွဲအချိန်၌ တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူ စောမောင်ဗွေ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မိုးဆွေ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးလွင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေး အမှတ် (၁) နှင့် (၂) တို့တွင် စားအုန်းဆီ ကိုယ်စားလှယ်ရယူလက်ခံရောင်းချသည့် အခြေခံစားသောက်ကုန်ဆိုင်များနှင့် ကြက်ဥ၊ ဘဲဥဆိုင်များ၊ သားငါးဆိုင်များသို့အရောက်သွား၍ ဈေးဆိုင်ပိုင်ရှင်များအား ကုန်စည်အလိုက် သတ်မှတ်ထားသည့် ဈေးနှုန်းနှင့် ရောင်းချနိုင်ရေး၊ ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချမှုမရှိပဲ ကုန်ဈေးနှုန်းတည်ငြိမ်စွာဖြင့် ရောင်းချနိုင်ရေး ကုန်စည်သိုလှောင်ထိန်းချုပ်ခြင်းမရှိစေရေး ဈေးကစားရောင်းချခြင်းတို့မရှိစေရန် အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)