ဇီးကုန်းမြိုနယ်၌ ပါဠိပထမပြန်စာအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ်

ဇီးကုန်း မတ် ၁၉

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြိုနယ်တွင် ပါဠိပထမပြန်စာအောင် သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ သမားတော်ကျောင်းတိုက် ရွှေပြည်တန်ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်ဗဟိုဝန်ဆောင် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ သမားတော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး၊ ဆရာတော်ထံမှ ဩဝါဒစကား ခံယူခဲ့ကြသည်။ ထိုနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်မှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်တင်ခဲ့သည်။ ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့သော ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သော ပထမငယ်အောင် သံဃာ(၂)ပါး၊ အခြေပြုမူလတန်းအောင်(၁)ပါးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်လင်းသူနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)