ကန့်ဘလူ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်း ချီသင်တန်းနှင့်အင်္ဂလိပ်စာ Grammar သင်တန်းများကို ယနေ့တွင် ဆက်လက်သင်ကြားပေးလျက်ရှိ သည်။
သင်တန်းတွင် ပန်းချီဆရာကြီး ဦးစိုးမြင့်ဝေက အခြေခံပန်းချီပညာရပ်များဖြစ်သည့် မျဥ်းဖြေင့်၊မျဥ်းကွေး၊အနီးအဝေး၊အနိမ့်အမြင့်၊ လူပုံရေးဆွဲခြင်း အဆင့်ဆင့်တို့ကို စာတွေ့လက်တွေ့သင် ကြားပေးလျက်ရှိပြီး အင်္ဂလိပ်စာ Grammar သင်တန်းတွင် ဆရာဦးအေးကိုကိုက ဝေါဟာရကြွယ်ဝစေရန်၊ ဝါစင်္ကရှစ်ပါး၊ ဝါကျတည်ဆောက်ပုံများကို သင်ကြားပေးသည်။
အဆိုပါသင်တန်းတွင် အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ ၅၀ တို့ဖြင့် သင်ကြားပို့ချလျက်ရှိပြီး ဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်များ ဘက်စုံဖွံ့ ဖြိုးရေးအတွက် အခမဲ့သင်တန်းများအပြင် စာအုပ်စာစောင်ပြပွဲများ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)