ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်း၌ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင် မတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း  အသိပညာဗဟုသုတ  တိုးပွားပြီး ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲများ ပြုလုပ်ရာတွင် ကလေးငယ်များကျောင်းစာအပြင်အသိပညာဗဟုသုတတိုးပွားစေမည့်သုတ ရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင်အသုံးပြုတတ်လာစေရန်၊ ကာယဉာဏပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက် မိမိကြိုက်နှစ်သက်ရာ ပုံပြင်ခေါင်းစဉ်ဖြင့် ပုံပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကလေးငယ်(၁၂) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး  အာဟာရမုန့်များ ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက ကလေးအလုပ်သမားနှင့်ပတ်သက်သည့်  နံရံကပ်စာစောင်များအား  ပြသရာ ကလေးငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)