စစ်ကိုင်းတိုင်း‌ ဒေသကြီး၊ ဟုမ္မလင်းမြို့၊ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ထမံလိုက်လံနှိုးဆော်

ဟုမ္မလင်း မတ်လ ၁၉

ဟုမ္မလင်းမြို့နယ်၊ ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှလုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဘိုးများ လျော့နည်းကျဆင်းစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းကဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မန်​မော်ရပ်ကွက်၊ နမ်ဖွတ်မှော်ရပ်ကွက်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးထပ်မံလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟုမ္မလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထွန်းထွန်းနိုင်၊ ပတ်ဝန်ကျင်ထိန်းသိမ်း​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍ မြန်မြန်ငြှိမ်းသတ်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ ထိရောက်လျှင်မြန်စွာမီးငြှိမ်းသတ်ရေးစနစ်များ ထပ်မံဖြည့်တင်းတပ်ဆင်နိုင်ရေး၊ ဆက်သွယ်ရေးစနစ်များကောင်းမွန်စေရေး၊ ဝင်လမ်းထွက်လမ်းများကောင်းမွန်စေရေး၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဗူးများဖြင့် မီးငြိမ်းသတ်နိုင်ရေးလိုက်လံနှိုးဆော်ခဲ့ကြပြီး ပြည်သူများများအား မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)