ပြည် မတ် ၁၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နဝင်းရပ်ကွက်ရှိ ရွှေပလ္လင်မှော်ဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းက သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက အဆိုပါရပ်ကွက်နေ ပြည်သူ ၁၂၀ ခန့်အား ငလျင်ဘေးနှင့်အတူ နောက်ဆက်တွဲဖြစ်ပေါ်လေ့သော မီးဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးအစရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို အသိပညာပေးဟောပြောခဲ့ပြီး ဝန်ထမ်းများက သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)