ငပု‌တောမြို့နယ်၌ စုံ/မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ စစ်ဆေး

ငပုတော မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်၌ စုံ/ မနံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက်အသုံးပြုခြင်း ရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ငပု‌တောမြို့အဝင်လမ်းဆုံ၌ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအနေဖြင့် သတ်မှတ်ထားသည့် စုံ/မနေ့ရက်များအတိုင်း ပြင်ပထွက်ခွာသွားလာနိုင်ရေး၊ စုံ/မနေ့ရက် ခွဲခြားသတ်မှတ်ထားရှိမှု အခြေအနေများအား အသိပညာပေး ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)