တောင်ငူမြို့နယ်၌ ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီး

တောင်ငူ မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုဖြစ်သည့် အ.ထ.က(၂)၊ အ.ထ.က(၄)၊ အ.ထ.က(၁)၊ အ.ထ.က(၄ မိုင်)နှင့် အ.ထ.က(နတ်စင်ကုန်း)တို့တွင် ၂၀၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ယမန်နေ့က အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီးသည်။

အဆိုပါ စာစစ်ဌာနများတွင် ဇီဝ​ဗေဒ၊ ဘောဂဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ စာရင်းရှိ ကျား(၈၃၇)ဦး၊ မ(၁၁၀၅)ဦး၊  စုစုပေါင်း (၁၉၄၂)ဦး၊ ဖြေဆိုသူ ကျား (၇၈၄)ဦး၊ မ(၁၀၆၁)ဦး၊ စုစုပေါင်း (၁၈၄၅)ဦး၊ ပျက်ကွက် ကျား (၅၃)ဦး၊ မ (၄၄)ဦး၊ စုစုပေါင်းပျက်ကွက် (၉၇)ဦး၊ ဝင်ရောက်ဖြေဆိုမှု ရာခိုင်နှုန်း (၉.၀၁%) ရှိသည်။ ထို့ပြင်  သံတောင်မြို့နယ်၊ လိပ်သိုစာစစ်ဌာနကို နယ်မြေအခြေအနေအရ တောင်ငူမြို့၊ အ.ထ.က(၅)တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမှုကျင်းပခဲ့ပြီး ယနေ့ ဇီဝဗေဒ၊ ဘောဂဗေဒ ဝင်ရောက်ဖြေဆိုသူ စာရင်းရှိ ကျား (၁၇)ဦး၊ မ (၄၈)ဦး၊  စုစုပေါင်း (၆၅)ဦး၊ ဖြေဆိုသူ ကျား(၁၇)ဦး၊ မ (၄၆)ဦး၊ စုစုပေါင်း (၆၃)ဦး၊ ပျက်ကွက် ကျား (-)၊  မ (၂)ဦး၊ စုစုပေါင်းပျက်ကွက် (၂)ဦး၊ ဝင်ရောက်ဖြေဆိုမှု ရာခိုင်နှုန်း (၉၇%) ရှိသည်။

ယနေ့တွင် တောင်ငူမြို့နယ် စက်မှုအထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုပြီးစီးခဲ့ပြီး မြို့ပြပုံဆွဲ၊ အခြေခံပရိုဂရမ်မိတ်ဆက်၊ စက်မှုပုံဆွဲဘာသာရပ် ဝင်ရောက်ဖြေဆိုသူ စာရင်းရှိ ကျား (၅၁)ဦး၊ မ (၁၈)ဦး၊  စုစုပေါင်း (၆၉)ဦး၊ ဖြေဆိုသူ ကျား (၅၁)ဦး၊ မ (၁၈)ဦး၊ စုစုပေါင်း (၆၉)ဦး၊ ပျက်ကွက်မရှိ ဝင်ရောက်ဖြေဆိုမှု ရာခိုင်နှုန်း (၁၀၀%) ရှိကြောင်း တောင်ငူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)