ငပုတော မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၁၃၈၈ ခုနှစ် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ၁၃၈၈ခုနှစ် မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ၁၃၈၈ ခုနှစ်မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်မဟာသင်္ကြန် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဖျော်ဖြေရေး အစီအစဉ်များ ရေကစားမဏ္ဍပ်များကိုလည်း မကြာမီဆောက်လုပ်သွားမည် ဖြစ်ပါကြောင်း၊ လမ်းလျှောက်သင်္ကြန် ပြုလုပ်မည့်မဏ္ဍပ်များကိုလည်း သတ်မှတ်ရက်မတိုင်မီ ကျင်းပပြုလုပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် ယိမ်းအဖွဲ့များအား သက်ဆိုင်ရာ တာဝန်ရှိသူများအလိုက် တာဝန်ပေးပြီးဖြစ်ပါကြောင်း၊ သက်ကြီးပူဇော်ပွဲ ကျင်းပနိုင်ရေးနှင့် မြို့တွင်းအန္တရာယ်ကင်း ပရိတ်တရားနာယူရေး ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာအလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေး လုံခြုံရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၁၃၈၈ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ကော်မတီအတွင်းရေးမှူးက မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည့်အချက်များကိုပြောကြားပြီး ကော်မတီအလိုက်တာဝန်ရှိသူများက လိုအပ်ချက်များကိုပြန်လည် တင်ပြခဲ့ကြောင်း သိရသည်။
အောင်သူ