အုတ်တွင်း မတ် ၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယမန်နေ့ မွန်းတည့် ၁၂ နာရီက အ.ထ.က(အုတ်တွင်း )စာစစ်ဌာနတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဋ္ဌာန်စိတ်ထားဖြင့် ထာဝစဥ်ရှင်သန်ရပ်တည်၊ (၈၁) နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏စွမ်းရည်သုံးရပ်၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၂၇-၃-၂၀၂၅ ရက်နေ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ဇော်မင်းမင်းဦး ရေးသားသော “အားသစ်စေကြောင်းပြည့်သားကောင်း” ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်စသည့် အကြောင်းအရာများနှင့် သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ဖတ်ရှုလေ့လာနိုင်စေရန်(အခမဲ့) ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)