ကြံခင်း ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ (အ-ထ-က) ရွာသစ်တောင်တွင် Quarantine ဝင်နေသူများကို မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် Light House Social Development Organization Ayarwaddy အဖွဲ့တို့ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ (အ-ထ-က) ရွာသစ်တောင် Quarantine Center သို့ သွားရောက် လှုဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှုဒါန်းမှုအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် တာဝန်ရှိသူများထံသို့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် Light Hourse Social Development Organization Ayarwaddy အဖွဲ့ကိုယ်စား ကြံခင်းမြို့နယ် တာဝန်ခံ ဒေါ်မိုးစန္ဒာဝင်းက ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သော Mask (၅)ဘူး၊ Siurcigal Grown (၁)ထုပ်၊ လက်အိတ်(၁)ဘူး၊ အမှိုက်ပုံး (၅)ပုံး၊ အမှိုက်အိတ်(၂)ထုပ်နှင့် တကိုယ်ရည်သုံးပစ္စည်း (၅)မျိုး (၄၅)ခုတို့အား ပေးအပ်လှုဒါန်းပေးခဲ့ကြောင်းနှင့် (အ-ထ-က) ရွာသစ်တောင်တွင် Quarantine ဝင်နေသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် လှုဒါန်းပေးခြင်း ဖြစ်ကြောင်းနှင့် Quarantine Center ဝင်နေသူ ကျား(၆) ဦးနှင့် မ(၂)ဦးရှိကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)