ငဖဲမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ငဖဲ မတ် ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လစာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပဒါန်းကျေးရွာ အမှတ်(၂) အောင်ဓမ္မာရုံ၌ ဆောင်ရွက်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအတွက် လူတစ်ဦးလျှင် တစ်လငွေကျပ် နှစ်သောင်းနှုန်းဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လစာအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သောထောက်ပံ့ငွေများကို ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ထောက်ပံ့ငွေများပေးအပ်ရေးအဖွဲ့ဝင်များက ငဖဲမြို့နယ်အတွင်းနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာနေထိုင်သည့်  ပြည်သူ ၆၈၇ ဦးအတွက် တစ်ဦးလျှင်ငွေကျပ် နှစ်သောင်းနှုန်းစီဖြင့် စုစုပေါင်းငွေကျပ် ၄၁၂၂၀၀၀၀ အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ ၃ လစာအတွက် ယာယီနေရပ်စွန့်ခွာ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)