ညောင်တုန်း မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ (ဆဋ္ဌမနေ့)ကို မတ် ၁၇ ရက်နေ့နံနက်၉ နာရီအချိန်က စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၂)ခု၌ ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ(၂၄၄)ဦး၊ ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ(၇၆၁)ဦးနှင့် လူမှုရေးသိပ္ပံ၊ စားမြုံ့ပြန်သတ္တဝါမွေးမြူထုတ်လုပ်ရေးဘာသာရပ်များ ဖြေဆိုသူ (၃၇)ဦး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရှိရပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)