ငါးသိုင်းချောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ငါးသိုင်းချောင်း ​မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းကို မတ် ၁၆ ရက်နေ့နံနက် (၈) နာရီအချိန်က စတင်၍ ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား အနေအထိုင်၊ အစားအသောက်နှင့် ဆောင်ရန်ရှောင်ရန်တို့ကို ပြောကြားကာ သွေးပေါင်ချိန်ခြင်း၊​ သွေးစစ်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းတို့အပြင် လိုအပ်သောစစ်ဆေးမှုများပြုလုပ်၍ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို လစဉ်တိုင်း မပျက်မကွက် ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)