ပန်းတောင်း မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးလျာထားဧကများပြည့်မီစေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနကွင်းတာဝန်ခံများမှ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် တောင်သူများအနေဖြင့် သတ်မှတ်စိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ သွင်းအားစုများကို စနစ်တကျထည့်သွင်းအသုံးပြုရေးနှင့် အထွက်နှုန်းကောင်းမွန်စေရန် ပြုစုပျိုးထောင်ရေးတို့ကို နည်းပညာပေး ဆွေးနွေးခဲ့ကြသည်။
ပန်းတောင်းမြို့နယ်အတွင်း ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရန်အတွက် နွေစပါးစိုက်ပျိုးမှုအောင်မြင်စေရေး စိုက်ပျိုးရေးတာဝန်ခံအဖွဲ့များက အနီးကပ်ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)