နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် မတ် ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးငယ်များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် အားလပ်ရက်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့် စာဖတ်ခြင်းကိုဝါသနာပါလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ မြို့ပေါ်ရှိကျောင်းသား/သူလေးများက မိမိတို့နှစ်သက်သည့် ပုံပြင်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် အမူအရာနှုတ်မှုစွမ်းရည်ထက်မြက်စွာယှဥ်ပြိုင်နိုင်သူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးပြသထားသည့် နံရံကပ်စာစောင်များကိုလည်း ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

လှဝင်း