ကော့သောင်း မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အနေဖြင့် အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၂)တပ်နယ်စာစစ်ဌာန၊ အ.ထ.က(ခမောက်ကြီး)စာစစ်ဌာန စုစုပေါင်း (၃)ခုဖြင့် ကျင်းပဆောင်ရွက်လျက်ရှိပြီး အထက(၁)စာစစ်ဌာနတွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ (၃၅၀)ဦးတွင် ရူပဗေဒ ဘာသာဖြေဆို (၃၂၇ ) ဦး၊ သမိုင်းဘာသာဖြေဆိုသူ (၇)ဦးဖြင့် စုစုပေါင်း စာဖြေဆိုသူ(၃၃၄)ဦး၊ အ.ထ.က(၂)တပ်နယ်စာစစ်ဌာနတွင်စာရင်းရှိ (၈၉)ဦးတွင် ရူပဗေဒဖြေဆိုသူ (၈၁)ဦး၊ အ.ထ.က (ခမောက်ကြီး) စာစစ်ဌာနတွင် စာရင်းရှိ(၅၆)ဦးတွင် ရူပဗေဗေဒဖြေဆိုသူ (၃၀) ဦး၊ သမိုင်းဘာသာဖြေဆိုသူ (၁၆) ဦး စုစုပေါင်းဖြေဆိုသူ(၄၆)ဦးဖြင့် မြို့နယ်အနေဖြင့် ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်များဖြေဆိုသူ (၉၃.၁၃) ရာခိုင်နှုန်း၊ ပျက် (၆.၈၇)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတွင် တာဝန်ကျ ဆရာ/မများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး ကော့သောင်းခရိုင်နှင့် မြို့နယ်စာမေးပွဲကြီးကြပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်း၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက အပြင်စည်းအဖြစ်လည်းကောင်း၊ ဆရာ/မများက အတွင်းစည်းအဖြစ်လည်းကောင်း တာဝန်များခွဲဝေချထား၍ စာမေးပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)