ရွှေတောင် မတ် ၁၆
ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတက်စေရန်၊ တန်ဖိုးထားတက်စေရန်၊ အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ လူကုန်ကူးမှုဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့် ဖြစ်စဉ်များ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များတွေ့ကြုံနေရသည့် လူကုန်ကူးမှုအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ရည်မှန်းချက်ထားကြိုးစားရန်၊ စာရိတ္တကောင်းသော လူငယ်များဖြစ်စေရေး ကြိုးစားနေထိုင်ရန်၊ အသိပညာဗဟုသုတများပြည့်စုံစေရေး စာပေလေ့လာဖတ်ရှုကြရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍၊မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က ပူပြင်းသော နွေရာသီကာလတွင် ရာသီအလိုက်ပြုမူနေထိုင်မှုအကြောင်း၊ သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများနှင့် တိုင်းရင်းဆေးပညာ၏ အသုံးဝင်ပုံအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်အဓိပ္ပာယ်၊ ကုန်ညွှန်းအမှတ်အသား (၈)ချက်၊ အကြောင်းအားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြနည်းစနစ်မှူး ဒေါ်သပြေက အကြောလျှော့နည်း၊ အားကစားနည်း (၄)မျိုးနှင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က “ဒို့နဲ့မဆိုင်ဘူး” ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)