ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကြံခင်း မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခဲ့သည်။

အခမ်းအနားကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့် အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်းမိုးမြင့်က ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ရခြင်းသည် သားငယ်၊ သမီးငယ်များ ကိုယ်အမူအယာ၊ နှုတ်အမူအယာယဉ်ကျေးလိမ္မာစေရန်၊ လိမ္မာယဉ်ကျေးမှုရှိစေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာစေရန်နှင့် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်အညီ ပြုမှုကျင့်ကြံနေထိုင်တတ်စေရန်၊ အသိပညာဗဟုသုတတိုးတက်ပွားလာကာ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်းအခမဲ့ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ယဉ်ကျေးလိမ္မာသင်တန်းနည်းပြဆရာမ ဒေါ်မိုးမိုးဦး (အဘိဓမ္မာဆရာမ) က ယဉ်မှုဘာသာရပ်များအား ရှင်းလင်းပြောကြားပြီး၊ သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက ဗလာစာအုပ်နှင့် ဘောပင်များ ပေးအပ်ကြသည်။ ထို့သို့ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင် လာရောက်ကြည့်ရှု၍ သင်တန်းသား၊ သင်တန်းသူများအား အားပေးစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား မတ်လ ၁၅ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ နံနက် ၈ နာရီမှ ၁၀ နာရီအထိ စာတွေ့လက်တွေ့ပို့ချပေးသွားမည်ရာ သင်တန်းသား၊ သင်တန်းသူ ၃၀ ကျော်တက်‌ရောက်ခဲ့ကြဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)