ကဝမြို့နယ် မဟာဝိသုတာလင်္ကာရကျောင်းတိုက် (ဖလေး) ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် နယ်လှည့်အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ကဝ မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မဟာဝိသုတာလင်္ကာရကျောင်းတိုက် (ဖလေး) ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် နယ်လှည့်အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက အဆိုပါယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်နေကြသော ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အသိပညာတိုးပွားစေမည့် ရုပ်ပုံပြဇာတ်နှင့် ရုပ်ပုံပါပုံပြင်စာအုပ်များဖြင့် ပုံပြင်‌ပြောပြခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတို့ကို နံရံကပ်စာစောပြသရာ သင်တန်းသားသင်တန်းသူများက စိတ်ပါဝင်စားစွာ ကြည့်ခဲ့ကြကြောင်း သိရှိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)