မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ (AI)နည်းပညာပိုင်းဆိုင်ရာ အခြေခံအကြောင်းအရာများအား ဆွေးနွေး

မအူပင် မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်/မြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် (AI)နည်းပညာပိုင်းဆိုင်ရာအခြေခံအကြောင်းအရာများအား အသိပညာပေးဆွေးနွေးပွဲသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ခရိုင်/မြို့နယ်အတွင်းရှိ ဝန်ထမ်းများအနေဖြင့် (AI)နည်းပညာပိုင်းဆိုင်ရာအခြေခံအကြောင်းအရာများအား လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် ဝန်ထမ်းများမှ (AI/Content Video/Graphic) စသည့် နည်းပညာတို့အား မိမိတို့လေ့လာထားကြသည့် နည်းပညာအတက်ပညာများနှင့် အသီးသီး ဆွေးနွေးနှီးနှော သင်ကြားပို့ချလျက်ရှိကြောင်း သိသည်။

အဆိုပါ သင်တန်းတွင် မအူပင်ခရိုင်/မြို့နယ်အတွင်းရှိ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများ၊ နည်းပညာပိုင်းဆိုင်ရာ စိတ်ဝင်စားသော ဝန်ထမ်းများက တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ AI နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးဖလှယ်ကြမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)