ကျောက်ဖြူမြို့၌  တက္ကသိုလ်ဝင်စာမေးပွဲ (ပထမနေ့) မြန်မာစာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆို

ကျောက်ဖြူ   မတ် ၁၁

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၁၁) ရက်နေ့မှ စတင်၍ ကျင်းပစစ်ဆေးလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ (ပထမနေ့)မြန်မာစာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့်ဝင်ရောက် ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို အထက(၁)ကျောက်ဖြူ စာစစ်ဌာနတွင် ကျင်းပစစ်ဆေးလျက်ရှိသည်။ ယင်းသို့စစ်ဆေးလျက်ရှိရာ (ပထမနေ့)မြန်မာစာဘာသာရပ်အား ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၁၄) ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၂၀၂)ဦးရှိကာ ပျက်ကွက် (၁၂) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၄.၃၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်ဝင်ရောက်ဖြေဆိုနိုင်ရေး အတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် တာဝန်ကျဆရာ၊ဆရာမများက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)