ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၁၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ (၁၁) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မေးခွန်းနှင့် အဖြေလွှာလုံခြုံရေး အထူးဂရုစိုက်ရန်နှင့် ကျောင်းကျန်းမာရေးဆိုင်ရာလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၉၁)ခုရှိပြီး အတွင်းဖြေကျောင်းသား/သူ(၂၂၆၉၂)ဦး၊ အပြင်ဖြေ ကျောင်းသား/သူ(၅၃၇၄)ဦးနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၄၃၈)ဦး စုစုပေါင်းတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူကျောင်းသား/သူ(၂၈၅၀၄)ဦး မတ်လ(၁၁)ရက်နေ့မှစ၍ စိတ်အေး ချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့နယ်(၂၈)မြို့နယ်ရှိ စာစစ်ဌာန(၉၁)ခု၌ စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းသား/သူများအား ဌာနဆိုင်ရာများ၊ မြို့မ/မြို့ဖများက အအေးဗူးများ၊ မုန့်များ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)