မင်းလှ မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center)ခန်းမ၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ်လ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီမှူး ဒေါ်ဇင်မာဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ဖြူဖြူက ဒေါက်တာမတင်ဝင်းရေးသားသည့် “အလုပ်ဆိုတာ အင်အားပါ”စာအုပ်မှ အကြောင်းအရာတို့ကို ဖတ်ကြားပြောကြားရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က အပြုသဘောဆောင်သည့် ဆွေးနွေးချက်များဖြင့် အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)