ရေဖြူ မတ် ၁၁
၂၀၂၆ခုနှစ် မတ် ၁၁ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို စတင်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို အ-ထ-က ရေဖြူ၊ အ-ထ-က ကံပေါက်ကျောင်း စာစစ်ဌာန ၂ ခုတွင် မြို့နယ်အတွင်းမှ ကျောင်းသား/သူတို့က ယနေ့နံနက် ၉နာရီမှစတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။
ရေဖြူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-ကရေဖြူစာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား ၂၁ဦး၊ ကျောင်းသူ ၄၀ ၊ စုစုပေါင်း၆၁ဦးရှိရာ လာရောက်ဖြေဆိုသူ ကျောင်းသား ၂၁ဦး၊ ကျောင်းသူ ၃၉ဦး၊ စုစုပေါင်း ၆၀ ၊ အ-ထ-က ကံပေါက်စာစစ်ဌာနတွင် စာရင်းရှိကျောင်းသား ၁၈ ဦး ၊ကျောင်းသူ ၃၂ ဦး စုစုပေါင်း ၅၀ ရှိရာ ဖြေဆိုသူ ကျောင်းသား ၁၆ ဦး၊ ကျောင်းသူ ၃၀ စုစုပေါင်း ၄၆ ဦး ရှိခဲ့ကြောင်းသိရပြီး အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို အေးချမ်းစွာနှင့်အဆင်ပြေစွာဖြေဆိုနိုင်ရေး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာပြုံးနှင့် စာစစ်ဌာနကြီးကြပ်ရေးမှူးတို့က စာစစ်ဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စာစစ်အခန်းများသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်