ပုလောမြို့နယ်၌ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ  ၃၃၄ ဦးဖြေဆို

ပုလော  မတ်  ၁၁

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပုလောမြို့နယ်အတွင်းရှိ အထက(၁)စာစစ်ဌာန၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့ နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင် ဖြေဆိုနေကြပြီဖြစ်ရာ ကျောင်းတွင်း၊ အပြင်ဖြေ   ၃၃၄   ဦး  ဖြေဆိုကြောင်း ပုလောမြို့နယ် ပညာရေးမှူးထံမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလောပြန်/ဆက်)