သရက်ချောင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆို

သရက်ချောင်း မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (အ-ထ-က)သရက်ချောင်းကျောင်း စာစစ်ဌာနတွင် မြို့နယ်အတွင်းမှ ကျောင်းသားကျောင်းသူ ၈၅ ဦးတို့က ယနေ့နံနက် ၉နာရီမှစတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။

သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို (အ-ထ-က)သရက်ချောင်းကျောင်းစာစစ်ဌာနတစ်ခုတည်းဖြင့် စာရင်းရှိ ကျောင်းသား ၂၈ဦး၊ ကျောင်းသူ ၆၂ဦး၊ စုစုပေါင်း ၉၀ဦးရှိရာ လာရောက်ဖြေဆိုသူ ကျောင်းသား ၂၇ဦး၊ ကျောင်းသူ ၅၈ဦး၊ စုစုပေါင်း ၈၅ဦရှိပြီး  တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦး‌အောင်မြင့်သိန်းနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)