ကျိုက်ဒုံ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသသည် ကွမ်းသီးများကို စီးပွားရေးအဖြစ် အဓိကထား၍ စိုက်ပျိုးကြပြီး ယခုနှစ်တွင်ယမန်နှစ်များကထက် ကွမ်းသီးထွက်ရှိမှုပိုများကာ အများဆုံးထွက်သော နှစ်တစ်နှစ်ဖြစ်ကြောင်း သိရပါသည်။
ယခင်လများက ကွမ်းသီး(၁)ပိဿာငွေ(၁၈၀၀)ကျပ်အထိသာရရှိခဲ့ပြီး ဈေးနှုန်းများကျဆင်းမှု ကြောင်း၊ ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူများမှ ဈေးကောင်းစောင့်၍ မိမိတို့၏ ကွမ်းသီးများကို သိုလှောင်ထားခဲ့ပါသည်။
ယခုလတွင် ကျိုက်ဒုံမြို့၌ ကွမ်းသီး(၁)ပိဿာလျှင်ငွေ(၃၅၀၀)ကျပ်အထိဈေးကောင်းရရှိလာပြီး ကျိုက်ဒုံ၊ မုဒုံ၊ မော်လမြိုင်၊ကော့ကရိတ်တို့တွင် တင်ပို့ရောင်းချပါက (၁)ပိဿာလျှင်(၃၈၀၀)ကျပ် အထိရရှိပြီးကွမ်းသီး လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေနေကြကြောင်း ကွမ်းသီးလုပ်သား များမှာ တစ်ဦးလျှင် တစ်ရက်ဝင်ငွေ၅၀၀၀ကျပ်အထိရရှိပြီးမိသားစုအပိုဝင်ငွေရရှိနေကြပါသည်။
ကျိုက်ဒုံမြို့၌ကွမ်းသီးများ ဈေးနှုန်းမြင့်တက်လာသော်လည်ဈေးကွက်အတွင်း၌ ဝယ်လိုအား ကျဆင်းမှု မရှိသောကြောင့် ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူများ ဝင်ငွေကောင်းများရရှိလျက် ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်