ရွှေကျင် မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေကျင်မူလတန်းကြိုကျောင်းတို့ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ပြိုင်ပွဲစည်းကမ်းများ၊ အမှတ်ပေးနည်းစနစ်များကို ပြောကြားပေးခဲ့သည်။
ထို့နောက် မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတို့က မိမိတို့ကြိုက်နှစ်သက်သည့် ကဗျာရွတ်ဆိုခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများကို ပြိုင်ပွဲဝင်ကြပြီး ဆုရရှိသည့် ကလေးငယ်များနှင့် ပြိုင်ပွဲဝင်ကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်မှ ဆုများပေးအပ်ခြင်း၊ ပြိုင်ပွဲဝင်ကလေးငယ်များအား အဟာရဖြစ်စေသည့် အစားအစာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)