အ.ထ.က(မိုးညို)စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် မီးဘေးလုံခြုံရေး ထပ်မံစစ်ဆေး

မိုးညို မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က(မိုးညို)စာစစ်ဌာန၌  ယနေ့နံနက်ပိုင်းက စာမေးပွဲဖြေဆိုရန် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် မီးဘေးလုံခြုံ‌စေရေးတို့ကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သက်လွင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ရဲ‌အောင်နှင့် မီးသထ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ် (၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာဖြေခန်းများသို့ လိုက်လံကြည့်ရှုရာ သက်ဆိုင်ရာ စာစစ်ဌာနတာဝန်ရှိသူများက လိုက်လံပြသပြီး မီးဘေးလုံခြုံ‌ရေးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားကာ လိုက်လံကြည့်ရှု‌၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

မိုးညိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ၇၁၆ ဦးရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)