ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးခြင်းဆောင်ရွက်

ကရသူရိ မတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများအား နံရံကပ်ဘုတ်များနှင့် စာအုပ်/စာစောင်များပြသခြင်းဖြင့် အသိပညာပေး ခြင်းကို မတ်လ ၁၀ ရက်နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြသသည်။

စာကြည့်တိုက်သို့လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကသုတ၊ ရသ၊ ကာတွန်းနှင့် ရုပ်ပြစာအုပ်များပြသခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်များဖြစ်သည့် ရေဘေး၊ မီးဘေး၊ လေဘေးအန္တရာယ်များအကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုကို ဝိုင်းဝန်းတားဆီးကာကွယ်နိုင်ရေး နံရံကပ်ဘုတ်များကို ပညာပေးပြသဆောင်ရွက်ခဲ့ရာ ကလေးများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်

ကရသူရိ(ပြန်/ဆက်)