ကရသူရိ မတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်ရေး စုပေါင်းစာဖတ်ဝိုင်းကို မတ်လ ၁၀ရက် နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။
ကျောင်းပိတ်ရက် အားလပ်ချိန်များ၌ ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်စွမ်းရည်တိုးတက်မြင့်မားရေး၊ စာဖတ်ဝါသနာရှင်ဖြစ်ပေါ်စေရေး၊ ဦးနှောက်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ က စာပေဖတ်ရှုပုံ၊ ဖတ်ရှုနည်းများ၊ မိမိစိတ်ဝင်စားရာစာအုပ်၊ စာပေများရွေးချယ်ဖတ်ရှုမှုနှင့် စုပေါင်းဖတ်ရှုခြင်းဖြင့် လေ့ကျင့်ဖတ်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)