ပေါက်ခေါင်းမြို့နယ်၌ ဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ပေါက်ခေါင်း မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)