သဲကုန်းမြို့နယ်တွင် စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ပတ်သက်သော အသိပညာပေးဟောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

သဲကုန်း မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးနိုင်စေရန် ရည်ရွယ်၍ စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ပတ်သက်သော အသိပညာပေးဟောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မတ်လ ၈ ရက်နေ့ နံနက်(၁၀)နာရီအချိန်က တာဝန်ရှိသူများမှ ရပ်ကွက်(၄) ပေါက်တောရပ် မြသိန်းတန်ဘုရားအနီး ပုတီးကုန်း-သဲကုန်းသွား ကားလမ်းပေါ်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ မြို့မရဲစခန်းမှ၊ ခေတ္တစခန်းမှူး ဒုရဲမှူး အေးမင်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးအေးချမ်းပါ၊ သဲကုန်းမြို့ ဒုတိယမြို့နယ် တရားသူကြီး ဒေါ်ခင်မီမီစိုးနှင့် တာဝန်ရှိသူများက အဆိုပါလမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့် ​မော်တော်ယာဉ်မောင်းနှင်သူများအား မြို့နယ်အတွင်း စက်သုံးဆီဖူလုံမှုရှိစေရန် ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များအနေဖြင့် လစဉ် "စုံ"ရက်နှင့် "မ"ရက် နံပါတ် အက္ခရာပါသောယာဉ်များ၊ ပုဂ္ဂလိကပိုင်ယာဉ်များ မောင်းနှင်းအသုံးပြုကြရန် အများပြည်သူများ လိုက်နာနိုင်ရေးအတွက် အသိပညာပေးဟောပြောခဲ့ပြီး စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)