ကော့ကရိတ်မြို့နယ် ကော့ဘိန်း စံပြကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

ကော့ကရိတ် ဇန်နဝါရီ ၁၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယ နှစ်စက်ဝန်း) တွင် ကော့ဘိန်း ကျေးရွာ အုပ်စု ၊ ကော့ဘိန်း ကျေးရွာ၏ လမ်းသွယ်တစ်ခုဖြစ်သော ရွာတွင်း(မဂဒူလမ်း) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျေးရွာလူထုလုပ်အားဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ်သိန်း (၈၀) ဖြင့် ဆောင်ရွက် မည်ဖြစ်ပြီး အတိုင်းအတာအားဖြင့် (အရှည် ၄၅၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဒေါ်အိန္ဒြာဖြိုး လူထုစည်းရုံးရေးမှူး မင်းအောင်မွန် တို့မှအနီးကပ်ကြီးကြပ်မှု၊ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာမှ အိမ်ထောင်စု (၂၆၀၅)စု၊ လူဦးရေ (၁၂၃၃၈)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများအတွက်  အဆင်ပြေ ကောင်းမွန်စွာ သွားလာနိုင်မည်ဖြစ် ကြောင်းသိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)