ဝါးခယ်မမြို့တွင် သားသတ်လိုင်စင်များအား အသားစျေးနှုန်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံ ရောင်းချ

ဝါးခယ်မ မတ် 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၂၆ - ၂၀၂၇ ခု ဘဏ္ဍာ‌ရေးနှစ်၊ မြို့နယ်အတွင်းရှိ သားသတ်လိုင်စင်များအား အသားစျေးနှုန်း အိတ်ဖွင့်တင်ဒါစနစဖြင့် လေလံရောင်းချခြင်းကို မတ်လ ၆ ရက်နေ့ နံနက်  နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲမြင့်မှ အဖွင့်အမှာစကာပြောကြားခဲ့ပြီး စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးလှိုင်ဝင်းဟန်က ၂၀၂၆ - ၂၀၂၇ ခု ဘဏ္ဍာ‌ရေးနှစ်၊ သားသတ်လိုင်စင်များအား အသားစျေးနှုန်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံရောင်းချခြင်းနှင့်ပတ်သက်၍ ဆွဲဝယ်သူများနေဖြင့် လိုက်နာရမည့်စည်းကမ်းများ၊ လိုင်စင်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် ၂၀၂၆ - ၂၀၂၇ ခု ဘဏ္ဍာ‌ရေးနှစ် မြို့နယ်အတွင်းရှိ မြို့မ၊ ရွှေလောင်း၊ ကျွန်းကုန်း၊ ကနစိုးကုန်း၊ ကျုံမငေးတို့မှ (အမဲ၊ ဆိတ်၊ ဝက်) သားသတ်လိုင်စင်များအား အသားစျေးနှုန်းအိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံရောင်းချပေးခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)