အုတ်ဖိုမြို့၌ ရှေးဦးပြုစုခြင်း (သာမန်)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

အုတ်ဖို မတ် ၈

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့တော်ခန်းမတွင် မတ်လ ၇ ရက်နေ့နံနက် ၉ နာရီအချိန်က ရှေးဦးပြုစုခြင်း (သာမန်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းသန်းက အဖွင့်နှုတ်ဆက်စကားပြောကြားသည်။ ထို့နောက် သာယာဝတီခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ခရိုင်တပ်ဖွဲ့မှူး ဦးလှဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဦးစိုးဝင်းသန်းမှ သင်တန်းသား သင်တန်းသူများအတွက် တူညီဝတ်စုံများပေးအပ်ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မီးဘေးသင့်အိမ်ထောင်စု (၂)စုအတွက် ထောက်ပံပေးအပ်ထားသော ပစ္စည်းများအား မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။ 

အဆိုပါသင်တန်းတွင် သင်တန်းသားသင်တန်းသူ (၃၀) ဦး တက်ရောက်သွားမှာဖြစ်ပြီး သင်တန်းကို (၄) ရက်ကြာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရသည်။

အောင်သူ