ပေါင်းတည် မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၆၄၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ စာမေးပွဲများကို မတ်လ ၁၁ ရက်မှ မတ်လ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ ပေါင်းတည်မြို့နယ်အနေဖြင့် အတွင်းဖြေ (၄၇၇) ဦးနှင့် အပြင်ဖြေ (၁၆၃) ဦးရှိကြောင်း၊ စုစုပေါင်း ကျောင်းသား (၂၈၉) ဦး၊ ကျောင်းသူ (၃၅၁)ဦး ဖြေဆိုမည်ဖြစ်ကြောင်းနှင့် စာစစ်ဌာန (၂)ခု စီမံဆောင်ရွက်ထားကြောင်း သိရသည်။
ရွှေသား(IPRD)