မြင်းမူ ဇန်နဝါရီ ၁၁
ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိကြသည့် ဒေသခံပြည်သူများအတွက် သန့်ရှင်း သော သောက်သုံးရေရရရှိရေးအတွက် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ မြင်းမူမြို့နယ်အတွင်းရှိ ကန်တော်ကျေးရွာတွင် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်း ပြီးစီးပြီဖြစ်ရာ သန့်ရှင်းသော သောက်သုံးရေများရရှိနေပြီဖြစ်ကြောင်းသိရှိရသည်။
ယခု တူးဖော်ပြီးစီးပြီဖြစ်သည့် စက်ရေတွင်းမှာ(၄)လက်မရေထွက်နှင့် အနက်ပေ(၃၆၀)ရှိကာ ရေမြှုပ်ပန့် ပါဝင်ကြောင်း၊ (၁)နာရီလျှင် ရေဂါလံ(၂၅၀၀)ထွက်ရှိကြောင်းနှင့် ရေဖြန့်ဝေပေးနိုင် ရေးအတွက် ဂါလံ(၂၄၀၀)ဆံ့အမြင့်တင်ရေစင်တစ်ခု၊ အလျှား(၁၀)ပေ၊ အနံ(၈)ပေနှင့် အမြင့်(၈)ပေရှိ ရေပေးစက်ရုံလည်းပါဝင်ကြောင်း၊ မိမိတို့မြို့နယ်တွင် ကျေးလက် ဒေသခံများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာ(၂) ရွာတွင် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရှိရသည်။
စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ(၁၈ဒဿမ၃) သန်းဖြင့် Real Resource ကုမ္ပဏီက ၂၇.၁၂.၂၀၂၀ ရကနေ့က စတင်တူးဖော် ပေးခဲ့ခြင်းဖြစ်ကာ ၇.၁.၂၀၂၁ ရက်နေ့တွင် သန့်ရှင်းသော သောက်သုံးရေများ ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရရှိရသည်။
အောင်စိုးဖေ(မြင်းမူ)