ဟားခါးမြို့ အပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းဥပဒေ အသိပညာပေးဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ တက်ရောက်ချီးမြှင့်

ဟားခါး မတ် ၇

ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းဥပဒ အသိပညာပေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်လူမှုအရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက အမှာစကားပြောကြားပြီး ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်မောင်လွင်က အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက တစ်ဦးချင်း မိတ်ဆက်ပြီး ပိုက်ကျော်ခြင်းအားကစားနှင့်ပတ်သက်၍ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေး၍ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းတောက်အောင်က အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းဥပဒေ (ISFAF LAW of The Game 2024) နှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးသည်။

ယင်းနောက် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား အားကစားဝတ်စုံနှင့် ဒိုင်လူကြီးခရာကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းဥပဒေလက်စွဲစာအုပ်ကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း၊ အသိပညာပေးဆွေးနွေးပွဲ ဦးဆောင်သူကို ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)