ဖျာပုံမြို့၌ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ဆိုင်းဘုတ်စိုက်​ထူခြင်းနှင့် အသိပညာပေးစာစောင်များဖြန့်ဝေ

ဖျာပုံ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” “World Consumer Rights Day”ယခုနှစ်ဆောင်ပုဒ်ဖြစ်သော “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး စာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ဖျာပုံမြို့အမှတ် (၃) ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပသည်။

ရှေးဦးစွာ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” “World Consumer Rights Day” ဆိုင်းဘုတ်အား ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များကအမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက်ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား လူစည်ကားရာ​နေရာများတွင် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား လမ်းသွားလမ်းလာပြည်သူများအားမေးမြန်း၍ အဖြေမှန်ရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်