လက်ပံတန်း မတ် ၆
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား (အော်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် တစ်ဦးလျှင် ၆၀,၀၀၀/- နှုန်း ဖြင့် ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀,၀၀၀/- နှုန်းဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့သုံးဖွဲ့ခွဲ၍ ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းထုတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)