မိုးညို မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်များနှင့်အညီရောင်းချနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ထိန်တောနယ်မြေရဲစခန်းမှ ရဲအုပ်ဝင်းခိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ရဲအောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ထိန်တောနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ထိန်တောကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်များအားသွားရောက်၍ ပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ စက်သုံးဆီများသတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် မီးဘေးလုံခြုံစေရေး ဂရုပြုဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)