ဒီးမော့ဆိုမြို့နယ်တွင် ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၁၁

ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ရပ်ရွာအခြေပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာ ဖူးပွင့်ဝေစီ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကယားပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က ရပ်ရွာ အခြေပြု အခြေခံစက်ချုပ် သင်တန်း သည် အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများတွင် အထောက်အကူပြုစေရေးနှင့် အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းသူများအနေနှင့် သင်တန်းတွင် ရရှိခဲ့ သော ပညာရပ်တွေကို မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးချကြရန် လိုအပ်ကြောင်း၊ ယခုဖွင့် လှစ်သင်ကြားပေးခဲ့သော စက်ချုပ် သင်တန်းသည် အခြေခံသင်တန်းဖြစ်သည့်အတွက် အဆင့်မြင့် ပညာများကို ဆက်လက်လေ့လာ သင်ယူကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးက ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော သင်တန်းသူများကို ဆုများချီးမြှင့်ပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များကို သင်တန်းသူများထံ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ ၁၅ ဦးအား သင်တန်းကာလ တစ်လအတွင်း ဂျိုင်းပြတ်၊ ကွတ်စာရင်ဖုံး၊ လည်လုံးရင်ဖုံး၊ လည်လုံးရင်စေ့၊ ရှပ်အင်္ကျီ၊ စတစ်အင်္ကျီ၊ ဇစ်အင်္ကျီ၊ ထဘီ၊ ဂျိတ်စကတ်နှင့် ပတ်ထဘီ ချုပ်နည်းတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)