သံတောင်ကြီး ဇန်နဝါရီ ၁၁
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ စွမ်းရည်ထက်မြက်စေရန်၊ ဉာဏ်ရည် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပန်းချီသင်တန်း နှင့် ကွန်ပျူတာအခြေခံ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။ သင်တန်းတွင် အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသူ/ သား စုစုပေါင်း (၃၀)ဦးတက်ရောက်ကာ ပန်းချီဆွဲခြင်းဆိုင်ရာအခြေခံများနှင့် ကွန်ပျူတာ အခြေခံ သင်တန်းကို တစ်ရက် လျှင်(၂)နာရီသင်ကြားပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီ (၁၁)ရက် မှ (၂၀)ရက်နေ့ အထိဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ သင်တန်းကို မြို့နယ်ပညာရေးမှူး ဒေါ်အေးသက်မော်၏ ကြီးကြပ် ဆောင်ရွက် မှုဖြင့် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး သံတောင်ကြီးမြို့ အထကကျောင်းရှိ ကျောင်းဆရာ/မ ကသင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)