အုတ်တွင်းမြို့နယ်၊ ခင်တန်း​​ကျေးရွာ၊ ဘဝအဖော်မွန်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဆောင်ရွက်

အုတ်တွင်း မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ခင်တန်းကျေးရွာ၊ ဘဝအဖော်မွန်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၌ အသိပညာပေးဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)