တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့ရုံး အဆောက်အဦသစ်ဖွင့်ပွဲသို့ တက်ရောက်

ကော့သောင်း မတ် ၆

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ရဲမှုထမ်းဟောင်းများအဖွဲ့ရုံး အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ဖွင့်လှစ်သည်။

ဦးစွာ ကော့သောင်းမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့ရုံး အဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးရဲမှုထမ်းဟောင်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် တနင်္သာရီတိုင်းဒေသကြီး ရဲမှုထမ်းဟောင်းများစည်းရုံးရေးကော်မတီဥက္ကဋ္ဌ ရဲမှူးကြီးမြင့်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကော့သောင်းမြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့ရုံး အဆောက်အအုံသစ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)