ထားဝယ် မတ် ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ဘန်ဂလားကျေးရွာအုပ်စု ပြည်ထောင်စုလမ်းမနှင့် ရေနောက်ချောင်း-ဟင်းလိုင်းကျေးရွာချင်းဆက်မြေသားလမ်းပေါ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာချင်းဆက် မြေသားလမ်း၄/၆ မိုင်အနက် ၁/၀ မိုင် ကျောက်ခင်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၁၂ ဒသမ ၇၉၆ သန်းဖြင့် ကျောက်ခင်းခြင်းလုပ်ငန်း ၁/၀မိုင်အား ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ အဆိုပါလမ်းပိုင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ဆောင်ရွက်ခဲ့ရာမြေသားလမ်း၄/၆မိုင်၊ မြောင်းကူးတံတား ၁၂ စင်း၊ ကွန်ကရစ်တံတားတစ်စင်းနှင့်ကျောက်စီမြေထိန်းနံရံ ပေ ၂၀၀ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်ကျောက်လမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဘဏ္ဍာရေးနှစ်အလိုက်လျာထား ဆောင်ရွက်ပေးခြင်းကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာသည့်အပြင် မြို့ပြနှင့်ကျေးလက်ဒေသ ချိတ်ဆက်သောလမ်းဖြစ်သဖြင့် လမ်းပေါ်ရှိကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၂၂၆ အိမ်နှင့်ဒေသခံပြည်သူ ၁၉၅၀ တို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းသိရသည်။
ငွေဇင်ယော်(ထားဝယ်)