ကျွန်းစုမြို့နယ်၌ အမျိုးသမီးငယ်များအား အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်သင်ကြား

ကျွန်းစု မတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမ်းအနားမှူးသင်တန်းကို မတ် ၄ ရက် နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ဖွင့်လှစ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားမှူးကောင်း တစ်ယောက်၏ အရည်အချင်းများဖြစ်သော အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှု၊ အသံပီသရှင်းလင်းမှု၊ မိုက်ကရိုဖုန်း အသုံးပြုမှုနှင့် အခမ်းအနားမှူးတစ်ဦး၏ ဆောင်ရန်၊ ရှောင်ရန်အချက်များ စသည်တို့ကို သင်ကြားပေးခဲ့ပြီး သင်တန်းသူများအား လက်တွေ့လေ့ကျင့်ဆောင်ရွက်သည်။

ထို့နောက်  နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များခင်းကျင်းပြသရာ သင်တန်းသူများက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြ‌ကြောင်း၊ သင်တန်းကိုအစည်းအဝေး၊ ဆွေးနွေးပွဲစသည့်အခမ်းအနားများတွင် တာဝန်ပေးအပ်လာပါက ဆောင်ရွက်နိုင်ရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)