ပုသိမ် မတ် ၄
(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများဖွင့်ပွဲအခမ်းအနားကို မတ်လ(၁)ရက်နေ့မွန်းလွဲပိုင်းကပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများ ဖွင့်ပွဲအခမ်းအနား မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ဖျော်ရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပြခန်း၊ တက္ကသိုလ်များပြခန်း၊ ကုန်လမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ပုသိမ်)ထရော်လာဂျီ အသိပညာပေးပြခန်း၊ စက်မှုလယ်ယာဦးစီး ဌာနပြခန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ဆိုလာရေတင် စနစ်ဖြင့်ရေရရှိရေး ဆောင်ရွက်မှုအခြေအနေပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနပြခန်းနှင့် စွယ်စုံပီလောပီနံလုပ်ငန်းပြခန်း၊ ကုမ္ပဏီများမှ ပြသထားသည့် လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်း၊ ခရိုင်(၈)ခရိုင်မှ ခင်းကျင်းပြသထားသည့် သစ်သီးဝလံ၊ ပန်းမန်နှင့် ဒေသထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စိုက်ပျိုးမွေးမြူ ရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက် သာမကပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး ကြိုးစားဆောင် ရွက်ကြရန် မှာကြားခဲ့သည်။
(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်ရှစ် ခရိုင်မှ သစ်သီးဝလံ၊ ပန်းမန်နှင့် ဒေသထွက်ကုန်ပြခန်းနှင့် ကုမ္ပဏီပြခန်းများဖြစ်သည့် သဘာဝမြေ ဩဇာ၊ ဇီဝမြေဩဇာစသည့် စိုက်ပျိုးရေးသွင်းအားစုနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုမ္ပဏီပြခန်းများ အပါအဝင် ပြခန်းစုစုပေါင်း (၄၃)ခန်းပါဝင်ပြသွားမည်ဖြစ်ကာ အများပြည်သူများ ဗဟုသုတရှာမှီး လေ့လာနိုင်စေရေးအတွက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)